14
Filed under:
ကဗျာ by:
burmapyithar
ပြောလိုက်ပါဘိ ဟောပါဘိ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သက်လှယ်၊ မင်းသားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊
အူယားဖါးယား၊
ကစားရာမှ၊ နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်၊
ပျံကြ၀ဲကြ၊ ငရဲထသို့၊
အုံကြွမြည်အာ၊ မသာယာကို၊
ငါကြားခဲ့၏ မှတ်မိ၏။ Read more…
13
Filed under:
ကဗျာ by:
burmapyithar
ဒီနေ့လွတ်မြောက်လာသော နိုင်ငံရေးသမားများကို ပြန်လည်ကြိုဆိုခြင်းအားဖြင့် ကဗျာဆရာ ဇွဲမာန်ရဲ့ ကဗျာဖြင့် ဂုဏ်ပြုလိုက်သည်။
ဒေါင်းတို့ တေးသံ
အိုးဝေ….. အိုးဝေ…..
သံသာ ဟစ်ကျွေး၊
ဒေါင်းတို့ တေးလေး၊
မနေ့က ရှိခဲ့ဘူးတယ်။
အိုးဝေ….. အိုးဝေ…..
အားမာန်နဲ့ ဟစ်ကြွေး၊
ဒေါင်းတို့ရဲ့ တေးလေး၊
ဒီနေ့လဲ ရှိနေတယ်။
Read more…
13
Filed under:
ကဗျာ by:
burmapyithar
ဒီနေ့လွတ်မြောက်လာသော ၈၈ ကျောင်းသားခေါင်းဆောင်များအား ကြိုဆိုသောအားဖြင့် ကဗျာဆရာ နီလွင်သွေးရဲ့ ကဗျာအားဖော်ပြလိုက်ပါသည်။
ဒေါင်းတွန်သံ
စွယ်တော်နဲ့ ကံ့ကော်မြေနန်း
ယမ်းဖုံး ကျည်သင့်လျက်
မြန်မာပြည် လမ်းမတွေထက်က
မြေလွှာကို ခွာကြည့်ရင်
သွေးနဲ့ရေးခဲ့ ရာဇ၀င်သစ်
ရှစ်လေးလုံး သမိုင်းစာမျက်နှာကို
ပြောင်မြောက်စွာ တွေ့ရလိမ့်မည်။
တစ်ပါတီ အာဏာရှင်စနစ်
စစ်အာဏာရှင် စနစ်
အမှောင်ခေတ်မှာ
သူပုန်ဖြစ်ခွင့်ရခဲ့တဲ့
မြန်မာ့ကျောင်းက
ဒေါင်းတို့ ရာဇ၀င်။ Read more…
12
Filed under:
ကဗျာ by:
burmapyithar
ကျေးဇူးဆပ်လော့
မြန်တိုင်းနဂရာ၊ သမိုင်းမှာလျှင်၊
ဘယ်ခါကမျှ၊ မပေါ်ရသည့်၊
ဆိုးစွကျွန်းတွင်း၊ သက်ဆင်းမွန်းနစ်၊
နှစ်ပေါင်းတရာ၊ ကာလတာဝယ်၊
မြန်မာတိုင်းဖွါး၊ လူနင်းပြားတို့၊
ရှည်လျားကာလ၊ လွတ်လပ်ရအောင်၊
ကြိုးပမ်းဆောင်စဉ်၊ ရောင်ဝါထိန်လင်း၊
နေမင်းပေါ်လာ၊ ကဲ့ပမာသို့၊
အာဇာနည်စစ်၊ ပြည်ချစ်ခေါင်းဆောင်၊
မြတ်အခေါင်သည်၊ ရှေ့ဆောင်ပြုကာ၊
မြန်မာပြည်ထောင်စု၊ လွတ်လပ်မှုကို၊
အားစု အင်စိုက်၊ တိုက်ခိုက်တော်လှန်၊
နယ်ချဲ့ရန်မှ၊ ဝေးလံလွတ်ကင်း၊
အမှောင်တွင်းမှ၊ ရှင်းရှင်းထွက်ရ၊
လွတ်လပ်ကြ၏၊ ကြီးစွကျေးဇူး၊
ဂုဏ်အထူးကို၊ ချီးကျူးမကုန်၊
မြေ၀သုန်နှင်၊ နှုန်းတုံမြင့်မိုရ်၊
မကပိုသည်၊ ဗိုလ်ချုပ်ဖခင် အောင်ဆန်းတည်း။ Read more…
11
Filed under:
ကဗျာ by:
burmapyithar
ချစ်တဲ့သူငယ်လေ
ချစ်တဲ့သူငယ်လေ၊ လုပ်သားလူကောင်း၊ ပေါင်းသဟာတို့လေ။ ။ တထောင်ငယ်မှ ကိုးရာ၊ လေးဆယ်ငယ်သာသည်၊ စွန်းပါ ခုနှစ်၊ သက္ကရာဇ်တွင်၊ ပြည်ချစ်ဇာနည်၊ မိစ္ဆာလူပျက်၊ သူ့လက်ချက်ကြောင့်၊ အသက်စွန့်ခွါ၊ မြန်းကြရှာသည်၊ ပြည်သူလုပ်သား၊ သံဝေပွါး၍၊ မှတ်သားကြလေ၊ တို့တတွေ။
အောင်ကြောင်းတဲ့ အောင်စေ။ ။ သူတို့ကျေးဇူး၊ မထိမ်းပြူးဘဲ၊ အထူးဆပ်ရန်၊ တာဝန်တို့မှာ၊ ကြီးလှစွာလေ၊ တင်ခဲ့ပေသည်၊ တွေဝေမဲ့ကင်း၊ တို့ခပင်းမူ၊ အယူပြောက်ကျား၊ မလွဲမှားဘဲ၊ တသားတည်ပြု၊ ပြည်ထောင်စုကို၊ ယုယစိတ်သန်၊ တို့အားအန်ဖြင့်၊ လမ်းမှန်ရောက်စေ၊ မသွေရှေ့သို့၊ ညီတူလက်တွဲ၊ ဇာနည်ဇွဲဖြင့်၊ နွှဲကြစို့လေ၊ ပြည်သူအပေါင်း လုပ်သားကောင်းတို့လေ။
ချစ်တဲ့သူငယ်လေ၊ လုပ်သားလူကောင်း၊ ပေါင်းသဟာတို့လေ။ ။ တို့လွတ်လပ်ရေး၊ အသက်သွေးကို၊ ပိုက်ထွေးရင်ခွင်၊ မြူမတင်ကြောင်း၊ ဖြူစင်ပြန့်ပြူး၊ ရွှေနှယ်ဦးလို့၊ မြူးကြရမယ်။ Read more…
10
Filed under:
ကဗျာ by:
burmapyithar
အာဇာနည် (သံချို)
(၁) သောင်းဇမ္ဗူလက်ျာခ၊
ဌာနတမ္ဗဒီဟု၊
မြန်ပြည်တွင် တဂုဏ်မျှို့တွေကြောင့်၊
ဂရို့သင်္ချာဝင်တဲ့၊
မင်္ဂလာ ယင်းရွှေချောင်းငယ်က၊
မြောက်စောင်းနှင့် ရှေ့ပြုပ္ပါ၊
ဝန်းမြှောင်ကာ တဖုံထူးတာက၊
ပဲခူးခေါ် ရိုးမကြီးမှာတော့၊
ကာဆီးကာ ပြိုင်တုကျွန်းတာကြောင့်၊
လူစွမ်းဂုဏ်ရည်ချွန်တို့၊
ဇာနည်မွန်ဖွားရာမြောက်ပါတဲ့၊
မြို့နတ်မောက်မည်နာမာ၊
ရှည်ကမ္ဘာတွင်သမိုင်းမှာ၊ နှိုင်းတုမရာ။ Read more…
09
Filed under:
ကဗျာ by:
burmapyithar
၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့ အမှတ်တရထုတ် ဗိုလ်ချုပ်၏ ဗိုလ်ချုပ် ကဗျာစာအုပ်မှာ ကဗျာတစ်ပုဒ်ပါ။
အာဇာနည်ဗိမာန်
သြော်….. အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့် နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်း ညှိ့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်း သံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြုဟ်ချင်။ ။
သြော်….. တပြည့်အရင်းတွေမို့ က၀ိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊ Read more…
06
Filed under:
ဆောင်းပါး by:
burmapyithar
ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
၁၉၃၈ ခု၊ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ်စာရင်း သွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန် သင်ရန်ကိစ္စကို၎င်း၊ ကျွန်ုပ်ဒ ရှေ့အလားအလာများကို၎င်း တပါတည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခန်မှ စ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့် အရေးကို ကျွန်ုပ်ဒ အသိဥာဏ်အတွင်း ထင်းကနဲပေါ်တော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉-၄၀ ခုလောက်၌ ကမ္ဘာစစ်ဖြစ်မည့် အရေးကို ကျွန်ုပ်တို့တစ်ခုတွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက် ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည် ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ခြေလှမ်း လှမ်းကြမည်ကို ကျွန်ုပ်တို့လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏။
သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမ၍ ဧကန်အတိအကျကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း၊ မြူနစ်မြို့၌ အင်္ဂလိပ်နင်းရင်းဝန် ချိန်ဘာလန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်နိုင်ရှာတော့ဘဲ၊ ဟာရ်ဟစ်တလာ ကြေအေး နှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သဲထိတ်ရင်ဖို သိရှိရလေတော့၏။ Read more…
06
Filed under:
အတွေးပုံရိပ် by:
burmapyithar

လွတ်လပ်ရေးနေ့ဆိုတာ ဘယ်လိုလဲဆိုတာကို သမိုင်းပြန်လှန်ကြည့်ရမလိုဖြစ်နေတော့မှာပဲ။ အတိတ်ကိုပြန်တွေးကြည့်မယ်ဗျား ကျွန်တော်ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ တော်တော်များများကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဟိုး ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ဆို အရမ်းကိုပျော်စရာကောင်းတယ်လို့ ထင်ခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ ကလေးဆိုတဲ့အတိုင်း တစ်နေ့လုံး ကစားရတယ် ပြေးပွဲပြိုင်ပွဲတွေ ကျင်းပနေတာကို ကြည့်နိုင်တယ်။ ရေခဲမုန့်တွေ မုန့်တွေကို အ၀စားရတယ်။ မနက်ခင်း ဆောင်းအေးအေးမှာ စားလိုက်ရတဲ့ ကောက်ညင်းပေါင်းနဲ့ ဓနိရည်ချိုကလည်း ဆောင်းရာသီ လွတ်လပ်ရေးနေ့ရဲ့ အရသာတစ်ခုပေါ့။ ဒါပေမဲ့ ကြီးလာလို့ နားလည်လာတာနဲ့အမျှ လွတ်လပ်ရေးနေ့က တစ်ဖြည်းဖြည်း ဆုတ်ရုတ်လာတယ်။ ပျော်စရာတွေမရှိသလို မလွတ်လပ်တာတွေကို မြင်မိလာတယ်။ ကျွန်တော် ၅ တန်းကစပြီး လွတ်လပ်ရေးနေ့တို့ အာဇာနည်နေ့တို့ ပြည်ထောင်စုနေ့တို့ကို နည်းနည်းစီသဘောပေါက်လာတယ်။ ၇ တန်းလောက်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် ၃ ကျိပ်ရဲ့ ဗမာပြည်ချစ်စိတ်နဲ့ ကြိုးပမ်းခဲ့တာတွေကို သိလာခဲ့တယ်။
ဒါပေမဲ့ အခုထိလည်း လွတ်လပ်ရေးနေ့ဆိုတာကို ကျောင်းတွေက ဦးစီးပြီး ကျွန်တော်တို့နယ်ဖက်မှာ ကျင်းပနေတုန်းပါ။ တကယ်ရော လွတ်လပ်နေလို့လား။ ကျွန်တော်ကြီးလာတော့ ပြန်တွေးမိတယ် လွတ်လပ်ရေးရထားတဲ့နိုင်ငံမှာ နိုင်ငံရေးလုပ်တာ ဘာလို့ ထောင်ထဲထည့်ထားတာလဲ။ အဲဒါက လွတ်လပ်ရေးရနေတဲ့ ဒီမိုကရေစီနိုင်ငံမဟုတ်လို့ပေါ့။ ဒီမိုကရေစီနိုင်ငံတို့မည်သည် နိုင်ငံရေးသမားများကို ထောင်းထဲမှာ ချုပ်နှောင်ထားခြင်းမရှိပါလို့ပဲ အလွယ်နည်းပြောရမှာပဲ။ Read more…
19
Filed under:
သရော်စာ by:
burmapyithar
လူငယ်ဒါရိုက်တာ ၀ိုင်းရိုက်ကူးထားသော မြန်မာသရုပ်ဆောင်များမှ ဆင်ဆာအဖွဲ့ကို သရော်ချက်လေးတစ်ခုပါ။ ဒီရုပ်ရှင်ကားတိုလေးက တော်တော်လေးကို ထည့်ထားတာတွေ့ရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဒီမိုကရေစီရုပ်ရှင်ထုတ်လုပ်ရေးလို့ နာမည်ပေးထားတယ်။
